Ñāṇasutta
ñāṇasutta:ဉာဏသုတ္တ(န)
[ဉာဏ+သုတ္တ]
ဉာဏသုတ်၊ ဉာဏ်တို့ကို၊ ဟောကြားအပ်သော သုတ်။ (က) ဤတရားကား ဝေဒနာ,ဤတရားကား ဝေဒနာ၏ဖြစ်ကြောင်း,ဤတရားကား ဝေဒနာ၏ဖြစ်ကြောင်းသို့ ရောက်စေတတ်သော အကျင့်,ဤတရားကား ဝေဒနာ၏ ချုပ်ရာ,ဤတရားကား ဝေဒနာချုပ်ရာသို့ ရောက်စေတတ်သော အကျင့်,ဤတရားကား ဝေဒနာ၏ သာယာဖွယ်,ဤတရားကား ဝေဒနာ၏အပြစ်,ဤတရားကား ဝေဒနာ၏ ထွက်မြောက်ရာဟု သိမြင်မှု 'ဉာဏ်မျက်စိ'တို့သည် ယခုအခါ ငါဘုရား၏ သန္တာန်၌ ဖြစ်ပေါ်လေပြီဟု ဟောကြားအပ်သောသုတ်။ (ခ) ဤတရားကား ဆန္ဒကိုမှီ၍ ဖြစ်သောသမာဓိ,အားထုတ်မှု 'ဝီရိယ'တို့နှင့် ပြည့်စုံသော ဣဒ္ဓိပါဒ်တည်း,ဤတရားကား ဝီရိယကိုမှီ၍ ဖြစ်သော သမာဓိ,အားထုတ်မှု 'ဝီရိယ'တို့နှင့် ပြည့်စုံသော ဣဒ္ဓိပါဒ်တည်း,ဤတရားကား စိတ်ကိုမှီ၍ဖြစ်သော သမာဓိ' အားထုတ်မှု 'ဝီရိယ'တို့နှင့် ပြည့်စုံသော ဣဒ္ဓိပါဒ်တည်း,ဤတရားကား ပညာကိုမှီ၍ ဖြစ်သောသမာဓိ,အားထုတ်မှု 'ဝီရိယ'တို့နှင့် ပြည့်စုံသော ဣဒ္ဓိပါဒ်တည်းဟု သိမြင်မှုဉာဏ်,ဤတရား ၄-ပါးကို ပွါးများအပ်၏ဟု သိမြင်မှုဉာဏ်တို့သည် ယခုအခါ ငါဘုရား၏ သန္တာန်၌ ဖြစ်ပေါ်လေပြီဟု ဟောကြားအပ်သောသုတ်။