Ñāṇavatthusutta
					
					ñāṇavatthusutta:ဉာဏဝတ္ထုသုတ္တ(န)
  [ဉာဏဝတ္ထု+သုတ္တ]
  ဉာဏဝတ္ထုသုတ်။ (က) အိုခြင်း သေခြင်း 'ဇရာမရဏ' ၌ သိသောဉာဏ်၊ အိုခြင်း သေခြင်း၏ ဖြစ်ပေါ် ကြောင်းတရား 'ဇရာမရဏသမုဒယ' ၌ သိသောဉာဏ်၊ အိုခြင်း သေခြင်း၏ ချုပ်ရာ 'ဇရာမရဏနိရောဓ' ၌ သိသောဉာဏ်၊ အိုခြင်းသေခြင်း၏ ချုပ်ရာသို့ ရောက်ကြောင်းအကျင့် 'ဇရာမရဏနိရောဓဂါမိနီပဋိပဒါ' ၌ သိသောဉာဏ်အားဖြင့် ဇရာမရဏ၌ ဉာဏ် ၄-ပါး။ (ခ) ပစ္စုပ္ပန်ကာလ၌ ပဋိသန္ဓေနေရမှုကြောင့် အိုမှု သေမှု ဖြစ်ရ၏ဟု သိသောဉာဏ်၊ ပဋိသန္ဓေနေရမှု မရှိခဲ့သော် အိုမှုသေမှုမရှိဟု သိသောဉာဏ်၊ အတိတ်ကာလ၌လည်း ပဋိသန္ဓေနေရမှုကြောင့် အိုမှု သေမှု ဖြစ်ခဲ့ရ၏ဟု သိသောဉာဏ်၊ ပဋိသန္ဓေနေမှု မရှိသော် အိုမှု သေမှုမရှိဟု သိသောဉာဏ်။