ādibrahmacariyaka
					
					ādibrahmacariyaka:အာဒိဗြဟ္မစရိယက(တိ)
  [အာဒိဗြဟ္မစရိယ+က]
  မြတ်သောအကျင့်-ဗြဟ္မစရိယ-၏ အဦးအစ။ (၁) မဂ်တည်းဟူသော မြတ်သောအကျင့်-မဂ္ဂဗြဟ္မစရိယ-၏ အဦးအစတရား။ (က) မဂ္ဂဗြဟ္မစရိယ၏ အဦးအစဖြစ်သော ဥဘတောဝိဘင်းလာ သိက္ခာပုဒ်။ (ခ) မဂ္ဂဗြဟ္မစရိယ၏ အစ၌ ပွါးများအပ်သော အာဇီဝဋ္ဌမကသီလ။ (ဂ) မဂ္ဂဗြဟ္မစရိယ၏ အစဖြစ်သော ခုဒ္ဒါနုခုဒ္ဒကမှ တစ်ပါးသော သီလ။ (ဃ) မဂ္ဂဗြဟ္မစရိယ၏ အစဖြစ်သော မဟာသီလ သိက္ခာပုဒ် ၄-ပါး(ပါရာဇိက ၄-ပါး)။ (င) မဂ္ဂဗြဟ္မစရိယ၏ အစ (ရှေးဦးအကျင့်) ဖြစ်သော ရတနာသုံးပါးကို ပူဇော်ကြောင်း စကား။ (စ) မဂ္ဂဗြဟ္မစရိယ၏ အစ (ရှေးဦးအကျင့်) ဖြစ်သော သစ္စာလေးပါးကမ္မဋ္ဌာန်း။ (ဆ) မဂ္ဂဗြဟ္မစရိယ၏ အစ (တည်ရာ) ဖြစ်သော တရားဒေသနာ။မူရင်းကြည့်ပါ။