ādikammika
					
					ādikammika:အာဒိကမ္မိက(တိ)
  [အာဒိကမ္မ+ဏိက]
  (၁) အာဒိကမ္မိကဖြစ်သော၊ အဦးအစ ပဌမ ဖြစ်သော အမှုလုပ်ငန်း၌ ယှဉ်သော၊ သူ။ (က) ထိုထိုလွန်ကျူးမှု၌ အဦးအစ ပဌမဖြစ်သော၊ ထိုထိုပြစ်မှု အာပတ်ကို အခြားရဟန်းတို့ထက် ရှေးဦးစွာ လွန်ကျူးသော၊ သူ။ (ခ) အဦးအစ ပဌမဖြစ်သော-ကမ္မဋ္ဌာန်းစီးဖြန်းအားထုတ်မှု-အဘိညာဏ်ဖြစ်ပေါ်လာစေမှုရှိသော၊ သူ (ရှေး၌ ကမ္မဋ္ဌာန်းဘာဝနာ မစီးဖြန်း မပွါးများဘူးသေးပဲ ယခုမှ စတင်၍ စီးဖြန်းပွါးများသောသူ,ရှေး၌ အဘိညာဏ်ဖြစ်ပေါ်လာအောင် အားမထုတ်ဘူးသေးပဲ ယခုမှ စတင်၍ အားထုတ်သောသူ)။ (၂) အာဒိကမ္မိကဖြစ်သော၊ အပ္ပနာဝီထိ၏ ရှေ့အဖို့၌ ပြုလုပ်အပ်သော သမထဘာဝနာ လုပ်ငန်းရှိသော၊ အပ္ပနာဝီထိ (ဈာနဝီထိ) မဖြစ်မီ-ဈာန်မရသေးမီ-ရှေ့ပိုင်းကာလတုန်းက 'ပထဝီ,ပထဝီ'စသည်ဖြင့် သမထဘာဝနာကို စီးဖြန်း ပွါးများသော၊ သူ။