āyusaṅkhārossajjana
āyusaṅkhārossajjana:အာယုသင်္ခါရောဿဇ္ဇန(န)
[အာယုသင်္ခါရ+ဩဿဇ္ဇန]
အာယုသင်္ခါရကို စွန့်လွှတ်တော်မူခြင်း။ (က) ဖလသမာပတ်ကို စွန့်လွှတ်တော်မူခြင်း။ (မြတ်စွာဘုရားသည် ကိုယ်တော်မြတ်၏ အသက်တော်ကို ကြာရှည်တည်တံ့အောင် ဖလသမာပတ်ကို ဝင်စားတော်မူရ၏၊ ဖလသမာပတ်ဖြင် အသက်ကို ထိန်းသိမ်းပြုပြင်တော်မူရ၏၊ ဤနေ့မှစ၍ ထိုကဲ့သို့ သက်တော်တည်တံ့အောင် ဖလသမာပတ်ကို ငါမဝင်စားတော့အံ့ဟု စိတ်ဆုံးဖြတ်တော်မူသည်ကိုပင် အာယုသင်္ခါရ စွန့်လွှတ်သည်ဟု ခေါ်သည်)။ (ခ) အသက်-ဇီဝိတိနြေ္ဒ-ကို စွန့်လွှတ်တော်မူခြင်း။ (ဖလသမာပတ်ကို ဝင်စားခြင်းကြောင့် ကြာရှည် တည်တံ့နေသော အသက်ကိုလည်း ဖလသမာပတ်ဖြင့် ဆက်လက်၍ ထိန်းမထားတော့အံ့ဟု စိတ်ဆုံးဖြတ်တော်မူသည်ကိုလည်း အာယုသင်္ခါရ စွန့်လွှတ်တော်မူသည်ဟု ခေါ်ဝေါ်ရပြန်၏)။ အာယုသင်္ခါရ-(၁,၂)-ကြည့်။