Cīrāsutta
cīrāsutta:စီရာသုတ္တ(န)
[စီရာ+သုတ္တ]
စီရာသုတ်၊ ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ မြတ်စွာဘုရားသခင် သီတင်းသုံးနေတော်မူစဉ်အခါ ဥပါသကာတစ်ဦးသည် စီရာမည်သော ဘိက္ခုနီမအား သင်္ကန်းလှူ၏၊ ထိုအခါ စီရာဘိက္ခုနီမ၌ အလွန်ကြည်ညိုသော ဘီလူးသည် ရာဇဂြိုဟ်ပြည် လမ်းမတစ်ခုမှ လမ်းမတစ်ခုသို့ လမ်းဆုံတစ်ခုမှ လမ်းဆုံတစ်ခုသို့ ချဉ်းကပ်ပြီးလျှင် "အကြင် ဥပါသကာသည် စီရာမည်သော ဘိက္ခုနီမအား ယောဂတရား ၄-ပါးတို့မှ လွတ်ကင်းခြင်းငှါ သင်္ကန်းကို လှူ၏၊ ဤ ဥပါသကာသည် များသော ကောင်းမှုကို ပွါးစေ၏တစ်ကား၊ ပညာရှိပေစွတကား"ဟု ရွတ်ဆိုပြောကြားပုံကို ဟောတော်မူသော သုတ်။