Cūḷagopālakasutta
cūḷagopālakasutta:စူဠဂေါပါလကသုတ္တ(န)
[စူဠ+ဂေါပါလကသုတ္တ]
စူဠဂေါပါလကသုတ်၊ ဉာဏ်ပညာမဲ့သော နွားကျောင်းသား,ဉာဏ်ပညာရှိသော နွားကျောင်းသားတို့၏ နွားတို့ကို ဂင်္ဂါမြစ်ဖြတ်ကူးစေပုံကို ဥပမာထား၍ ပစ္စုပ္ပန်လောက,တမလွန်လောက,လောကီတရား,လောကုတ္တရာ တရား၌ မသိမလိမ္မာသော ရဟန်းပုဏ္ဏားတို့၏ စကားကို နားယူမှတ်သား ယုံကြည်မှု ထားကြသော သူတို့အား ထိုမှတ်သားယုံကြည်မှုသည် ကြာရှည်လေးမြင့် အစီးအပွါးမဲ့ခြင်း,ဆင်းရဲခြင်းငှါ ဖြစ်လတ္တံ့၊ ပစ္စုပ္ပန်လောက,တမလွန်လောက,လောကီတရား,လောကုတ္တရာ တရားတို့၌ တတ်သိလိမ္မာသော ရဟန်းပုဏ္ဏားတို့၏ စကားကိုနာယူမှတ်သား ယုံကြည်မှုထားကြသော သူတို့အား ထိုမှတ်သား ယုံကြည်မှုသည် ကြာရှည်လေးမြင့် အစီးအပွါးတိုးခြင်း,ချမ်းသာခြင်းငှါ ဖြစ်လတ္တံ့-ဟု ဘုရားရှင် ဟောကြားသော သုတ်။