Cūḷakammavibhaṅgasutta
cūḷakammavibhaṅgasutta:စူဠကမ္မဝိဘင်္ဂသုတ္တ(န)
[စူဠကမ္မဝိဘင်္ဂ+သုတ္တ]
စူဠကမ္မဝိဘင်္ဂသုတ်၊ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် လူတို့သည် အဘယ်အကြောင်းကြောင့် အယုတ်အမြတ်ဖြစ်ကြရပါသနည်း၊ အသက်တိုခြင်း,အသက်ရှည်ခြင်း,အနာရောဂါများခြင်း,အနာရောဂါကင်းရှင်းခြင်း,အဆင်းမလှခြင်း,အဆင်းလှခြင်း,တန်ခိုးအာနုဘော်နည်းပါးခြင်း,တန်ခိုးအာနုဘော် ကြီးမားခြင်း,စည်းစိမ်ဥစ္စာ နည်းပါးခြင်း,စည်းစိမ်ဥစ္စာ ပေါများခြင်း,အမျိုးဇာတ် ယုတ်ညံ့ခြင်း,အမျိုးဇာတ် မြင့်မြတ်ခြင်း,ဉာဏ်ပညာမဲ့ခြင်း,ဉာဏ်ပညာရှိခြင်း ဖြစ်ကြရပါသနည်း-ဟု တောဒေယျပုဏ္ဏား၏ သားဖြစ်သူ သုဘလုလင် မေးမြန်း လျှောက်ထားသဖြင့် အသက်တိုမှုစသည်တို့ကို ဖြစ်စေတတ်သော ကံတို့ကို ဝေဖန်၍ ဘုရားရှင်ဖြေကြားတော်မူသော သုတ်။