Cūḷanibrahmadatta
cūḷanibrahmadatta:စူဠနိဗြဟ္မဒတ္တ(ပု)
[စူဠနီ+ဗြဟ္မဒတ္တ]
စူဠနီဗြဟ္မဒတ်မင်း။ (က) ပဉ္စာလတိုင်း ကပိလပြည်ကို အစိုးရသော စူဠနီဗြဟ္မဒတ်မင်း၊ ထိုမင်းသည် နိုင်ငံသူ,နိုင်ငံသားတို့၏ ပြောစကားကို စနည်းနာရန် အပ်ချုပ်သမားအသွင်ဖြင့် အဖော်မပါတစ်ယောက်တည်ရွာ,နိဂုံး,ဇနပုဒ်သို့ လှည့်လည်သွားလာစဉ် ရွာတရွာ၌ ဘုန်းကံလက္ခဏာနှင့် ပြည့်စုံသော အမျိုးသမီးတစ်ယောက်ကို တွေ့မြင်သဖြင့် မြို့သို့ ခေါ်ဆောင်ကာ ဥဗ္ဗရီအမည်ဖြင့် အဂ္ဂမဟေသီ မြှောက်လေသည်။ (ခ) ကပိလတိုင်း ဥတ္တရပဉ္စာလပြည်ကို အစိုးရသော စူဠနီဗြဟ္မဒတ်မင်း၊ ထိုမင်းသည် မဟာစူဠနီမင်းနှင့် စလာကဒေဝီမိဖုရားတို့၏ သားတော်ဖြစ်သည်၊ ငယ်စဉ်အခါက ဘထွေးဖြစ်သော ဆဗ္ဘိပုဏ္ဏား၏ ဘေးရန်ကြောင့်မဒ္ဒတိုင်း သာဂလပြည်သို့ ထွက်ပြေးပုန်းအောင်းနေစဉ်မဒ္ဒမင်း၏ သမီးတော် နန္ဒာမင်းသမီးနှင့် သင့်မြတ် လက်ထပ်သည်၊ ဘထွေး ဆဗ္ဘိပုဏ္ဏား အနိစ္စရောက်သောအခါ ကပိလ တိုင်း ဥတ္တရပဉ္စာလပြည်သို့ သွားရောက်မင်းပြုသည်။