Cūḷaniddesa
cūḷaniddesa:စူဠနိဒ္ဒေသ (ပု)
[စူဠ+နိဒ္ဒေသ]
စူဠနိဒ္ဒေသပါဠိတော်၊ ယင်းစူဠနိဒ္ဒေသသည် သုတ္တနိပါတ်၌ ဘုရားရှင် ဟောတော်မူအပ်သော ပါရာယနဝဂ်နှင့်ခဂ္ဂဝိသာဏသုတ်တို့၏ အနက်ကို ခွဲခြားဝေဖန်၍ ဓမ္မသေနာပတိ ဖြစ်တော်မူသော အရှင်သာရိပုတ္တရာ ဟောကြားအပ်သော ပါဠိဖြစ်သည်၊ ပိဋက ၃-ပုံတွင် သုတ္တန်ပိဋက၌ ပါဝင်သည်၊ နိကာယ် ၅-ရပ်တွင် ခုဒ္ဒကနိကာယ်၌ ပါဝင်သည်၊ သုတ္တ,ဂေယျ,ဝေယျာကရဏ,ဂါထာ,ဥဒါန,ဣတိဝုတ္တက,ဇာတက,အဗ္ဗုတဓမ္မ,ဝေဒလ္လဟူသော အင်္ဂါ ၉-တန်တွင် အရှင်မဟာဗုဒ္ဓဃောသထေရ်နှင့် အရှင်ဓမ္မပါလထေရ်တို့သည် သုတ္တ၌ သွင်းယူကြသည်၊ မဟာနိဒ္ဒေသ အဋ္ဌကထာနှင့် စူဠနိဒ္ဒေသအဋ္ဌကထာကို ပြုစုသော အရှင်ဥပသေနထေရ်ကား ဂါထာ,ဝေယျာကရဏ ၂-ပါး၌ သွင်းယူသည်။