Cetokhilasutta
					
					cetokhilasutta:စေတောခိလသုတ္တ(န)
  [စေတောခိလ+သုတ္တ]
  	စေတောခိလသုတ်၊ မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ရဟန်းတော်တို့ကို ဘုရား၌ ယုံမှားမှု,တရား၌ ယုံမှားမှု,သံဃာ၌ ယုံမှားမှု,အကျင့်သိက္ခာ၌ ယုံမှားမှု,သီတင်းသုံးဖော်တို့၌ အမျက်ဒေါသဖြစ်မှုဟု ဆိုအပ်သော စိတ်ကို ကြမ်းတမ်းခက်ထန်စေ၍ စိတ်၏ ငြောင့်တံသင်းသဖွယ်ဖြစ်သော စေတောခိလတရား ၅-ပါး၊ ကာမဂုဏ်၌ တပ်မက်တွယ်တာမှု,မိမိကိုယ်၌ တပ်မက်တွယ်တာမှု,အပြင် ရုပ်ဝတ္ထုပစ္စည်းတို့၌ တပ်မက်တွယ်တာမှု,အလိုရှိတိုင်း ဝမ်းပြည့်အောင်စား၍ အိပ်ပြီးလျှင် ချမ်းသာအမျိုးမျိုးကို ခံစားမှု,နတ်ပြည် စည်းစိမ်ချမ်းသာကို တောင့်တ၍ သီလစသော မြတ်သော အကျင့်ကိုကျင့်မှုဟုဆိုအပ်သော စိတ်ကို နှောင်ဖွဲ့တတ်သော စေတောဝိနိဗန္ဓတရား ၅-ပါး၊ ဤစေတောခိလတရား ၅-ပါးတို့နှင့် စေတောဝိနိဗန္ဓတရား ၅-ပါးတို့ကို မပယ်နိုင်သေးသော ရဟန်းသည် မြတ်စွာဘုရား သာသနာတော်၌ တိုးတက်ကြီးပွါးဖို့ရန် အကြောင်းမရှိ။ ဤတရား ၁ဝ-မျိုးတို့ကို ပယ်နိုင်သော ရဟန်းသည်သာလျှင် မြတ်စွာဘုရား သာသနာတော်၌ တိုးတက်ကြီးပွါးနိုင်၏ စသည်ဖြင့် ဟောကြားတော်မူသောသုတ်။