Chavālātasutta
chavālātasutta:ဆဝါလာတသုတ္တ(န)
[ဆဝါလာတ+သုတ္တ]
ဆဝါလာတသုတ်၊ ထင်းကုလားတုံးဖြင့် နှိုင်းယှဉ် ဟောပြသောသုတ်၊ မိမိအကျိုးစီးပွါးနှင့် သူတစ်ပါးအကျိုးစီးပွါး ၂-ပါးလုံးကို မပြုကျင့်သော ပုဂ္ဂိုလ်,သူတစ်ပါးအကျိုးစီးပွါးကိုသာ ပြုကျင့်၍ မိမိအကျိုးစီးပွါးကို မပြုကျင့်သော ပုဂ္ဂိုလ်,မိမိအကျိုးစီးပွါးကိုသာ ပြုကျင့်၍ သူတစ်ပါးအကျိုးစီးပွါးကို မပြုကျင့်သော ပုဂ္ဂိုလ်,မိမိကအကျိုးစီးပွါးနှင့် သူတစ်ပါးအကျိုးစီးပွါး ၂-ပါးလုံးကို ပြုကျင့်သော ပုဂ္ဂိုလ်ဟူ၍ လောက၌ ပုဂ္ဂိုလ် ၄-မျိုးရှိသည်၊ ထိုပုဂ္ဂိုလ် ၄-မျိုးတို့သည် အဆင့်ဆင့်သာလွန် မြင့်မြတ်ကြသည်၊ နွားမမှ နို့ရည်,နို့ရည်မှ နို့ဓမ်း,နို့ဓမ်းမှ ဆီဦး,ဆီဦးမှ ထောပတ်,ထောပတ်မှ ထောပတ်ကြည်တို့ဖြစ်ရာ ယင်းဝတ္ထုတို့သည် အဆင့်ဆင့် သာလွန် ကောင်းမွန်ကြသကဲ့သို့ ဖြစ်သည်၊ မိမိအကျိုးစီးပွါးနှင့် သူတစ်ပါး အကျိုးစီးပွါး ၂-ပါးလုံးကို မပြုကျင့်သော ပဌမပုဂ္ဂိုလ်သည်ကား အဖျား ၂-ဖက်၌ မီးလောင်ကျွမ်း၍ အလယ်၌ မစင်လူးလဲနေသော ထင်းကုလားတုံးသည် ရွာမှုကိစ္စ,တောမှုကိစ္စ ၂-မျိုးလုံး၌ အသုံးမဝင်သကဲ့သို့ မိမိ,သူတစ်ပါး ၂-ဦးသားတို့၏ အကျိုးစီးပွါး၌ အသုံးမဝင်သော ပုဂ္ဂိုလ်မျိုးဖြစ်၏ဟု ဟောပြသော သုတ်။