Cumbaṭakakalaha
cumbaṭakakalaha:စုမ္ဗဋကကလဟ (ပု၊န)
[စုမ္ဗဋက+ကလဟ]
ခေါင်းခုကို အကြောင်းပြု၍ ခိုက်ရန်ဖြစ်ခြင်း၊ ခေါင်းခုကြောင့်ရန်ဖြစ်ခြင်း၊ ခေါင်းခုရန်ပွဲ၊ ခေါင်းခုစစ်ပွဲ၊ ရောဟိဏီမြစ်ရေကို အကြောင်းပြု၍ဖြစ်သော သာကိယမင်းနှင့် ကောလိယ မင်းတို့၏စစ်ပွဲ (သာကိယ,ကောလိယမြို့သားတို့၏ အစေခံမတို့သည် ရောဟိဏီမြစ်သို့ ရေခပ်သွားကြစဉ် ခေါင်းခုလွဲမှားမှုကို အကြောင်းပြုကာ တစ်ယောက်နှင့်တစ်ယောက် ခိုက်ရန်ဖြစ်ပွါးရာမှ အစပြု၍တပြည်နှင့်တပြည် စစ်ဖြစ်ပွါးကြသည်။ (ဤကား အပရေဝါဒဖြစ်သည်)။ သာကိယ,ကောလိယ ၂-ပြည်ထောင်သား လယ်သမားတို့သည် ရောဟိဏီမြစ်ကို ဆည်,ဆည်၍ လယ်ယာစိုက်ပျိုးကြရာ မြစ်ရေလုယက်မှုကို အကြောင်းပြု၍ တပြည်နှင့်တပြည် စစ်ဖြစ်ပွါးကြသည်)။