Dāmalisutta
dāmalisutta:ဒါမလိသုတ္တ(န)
[ဒါမလိ+သုတ္တ]
ဒါမလိ-သုတ်၊ "မြစ်ကို ဖြတ်ကူး၍ ကမ်းတဖက်သို့ ရောက်ပြီးသူသည် နောက်ထပ် အားထုတ် ကူးခပ်ဖို့ မလိုအပ်တော့သကဲ့သို့ ရဟန္တာဖြစ်ပြီးသူသည်လည်း နောက်ထပ် ရဟန်းတရား ပွါးများအားထုတ်ဖို့ မလိုတော့ပြီ" ဟု လုံ့လဝီရိယကို ပြုလိုမှ ပြုရန်,မပြုလိုလျှင် ချမ်းသာစွာ နေနိုင်သည် ဟူ၍ ဒါမလိ-နတ်သား၏ အထင်မှားမှုကို ပြေပျောက်စေရန် အထူး ဟောပြရာသုတ်။ ("ရဟန္တာပုဂ္ဂိုလ်သည် ရဟန္တာဖြစ်ပြီးသော်လည်း ပရိနိဗ္ဗာန် မစံမချင်း ရဟန်းတရား မပြတ်ပွါးနေရသည်"ဟု ဒါမလိ-နတ်သား အထင်မှားနေခြင်းကြောင့် အခြားဒေသနာတို့၌ မည်သူမဆို လုံ့လဝီရိယကို ပြင်းပြင်းထန်ထန် အားထုတ်ရန် တိုက်တွန်းနှိုးဆော်ပါသော်လည်း ဤဒေသနာ၌ သာသနာတော်၏ နီယျာနိကအဖြစ်ကို ပေါ်လွင် ထင်ရှားစေလိုသည်ဖြစ်၍ လုံ့လဝီရိယ ပြုဖွယ်မလိုကြောင်းကို ဟောပြတော်မူသည်)။