Dīghāvuupāsakasutta
					
					dīghāvuupāsakasutta:ဒီဃာဝုဥပါသကသုတ္တ(န)
  [ဒီဃာဝုဥပါသက+သုတ္တ]
  ဒီဃာဝု ဥပါသကသုတ်၊ ပြင်းထန်စွာ ဖျားနာနေသော ဒီဃာဝုဥပါသကာသည် (၁) မြတ်စွာဘုရား (၂) တရားတော် (၃) သံဃာတော်၌ မတုန်မလှုပ် ကြည်ညိုမှုသဒ္ဓါ,(၄) အရိယာတို့ နှစ်သက်အပ်သော ၅-ပါးသီလ၊ ဤသောတာပန်၏ အကြောင်းအင်္ဂါ ၄-ပါးနှင့် ပြည့်စုံ၍ တဆင့်တက်ကာ ကျင့်သုံးသည်ရှိသော (၁) သင်္ခါရတရားတို့၌ မမြဲ-ဟု အဖန်တလဲလဲရှုမှု,(၂) မမြဲသော သင်္ခါရ၌ ဆင်းရဲ၏-ဟု အမှတ်သညာရှိမှု,(၃) ဆင်းရဲသော သင်္ခါရ၌ အတ္တမဟုတ်-ဟု (၄) ယင်းသင်္ခါရ၌ ပယ်စွန့်အံ့ဟု (၅) ယင်း၌ပင် စွဲမက်မှု ကင်းစေအံ့-ဟု (၆) ယင်း၌ပင်လျှင် ချုပ်ငြိမ်းစေအံ့-ဟု အမှတ်သညာရှိမှုဟူသော မဂ်ဉာဏ်အဖို့တွင် ပါဝင်သော (ဝိဇ္ဇာဘာဂိယ) တရား ၆-ပါးကို ရရှိ၍ အနာဂါမ်တည်ကာ သေသည်၏ အခြားမဲ့၌ ဗြဟ္မာ့ပြည်သို့ လားရ၏ဟု ဘုရားရှင်က ရဟန်းတို့အား ဖြေဆိုဟောပြရာ သုတ်။