Dīghāyukabuddha
					
					dīghāyukabuddha:ဒီဃာယုကဗုဒ္ဓ(ပု)
  [ဒီဃာယုက+ဗုဒ္ဓ]
  ရှည်သော သက်တော်ရှိသော ဘုရား၊ သက်တော်ရှည်ဘုရား။ ယင်းဘုရားရှင်တို့ ပရိနိဗ္ဗာန်ဝင်စံသောအခါ တစ်ခဲနက်သော ရွှေတုံးကြီး ပမာ သရီရဓာတ်တော်သည် တလုံးတခဲတည်း တည်ရစ်၍ စေတီတဆူတည်းသာ တည်ထားကိုးကွယ်ကြရ၏ ယင်း-ဘုရားရှင်တို့ လက်ထက်၌ ၆-နှစ်တကြိမ်း,သို့မဟုတ် ၆-လတကြိမ် ဘုရားရှင်ကိုယ်တိုင် သံဃာ့အစည်းအဝေး၌ ဩဝါဒပါတိမောက် ပြတော်မူ၍ သံဃဥပုသ်သာ ပြုကြသည်၊ အခြားဥပုသ်များ မပြုကြ သာသနာကွယ်ရာ အခါတိုင်း ယင်းပါတိမောက်ကို ပြတော်မူ၏ ၎င်းပြင် မျက်မှောက်တပည့်တို့ကသာ ရှင်ပြုပေးခြင်း,ရဟန်းခံပေးခြင်း,နိဿယည်းပေးခြင်းကိစ္စကို ပြုကြကုန်၏၊ အခြားပုဂ္ဂိုလ်တို့ ပြုပေးခွင့်မရ (သုတ္တနိ၊ဋ္ဌ၊၁၊ ၁၉၃)။