Dīghāyukakamma
					
					dīghāyukakamma:ဒီဃာယုကကမ္မ(န)
  [ဒီဃာယုက+ကမ္မ]
  အသက်ရှည်ကြောင်းဖြစ်သော ကောင်းမှုကံ၊ ကောင်းမှုကံ၊ အသက်ရှည်စေတတ်သော ကောင်းမှုကံ။ ယင်း-ကံဟူသည် သူတစ်ပါးအသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်မှုကုသိုလ်ကံ။ လူတို့၏ကျင့်ဝတ်ကို ကျင့်သုံးမှု,၅-ပါးသီလလုံခြုံမှု,ဒါနကောင်းမှုကံ ဆေးကုစားကြောင်း ကောင်းမှုကံ မိမိထက်အသက်,သိက္ခာ,ဂုဏ်,အရွယ်အားဖြင့် ကြီးသောသူတို့ကို အမြဲမပြတ် တုပ်ဝပ်ရိုသေလေးစားမှုကုသိုလ်ကံ ပင်ဖြစ်၏။ ထိုတွင် သူတစ်ပါးအသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်မှု ကုသိုလ်ကံသည် နတ်ပြည်၌ ပဋိသန္ဓေကျိုးကို ပေးခွင့်မရမူ၍ အခြားကံကြောင့် လူ့ပြည်၌ ဖြစ်လာသူ၏ ဘေးရန်အပေါင်းကို ဖျက်ဆီးပစ်ခြင်း,စီးပွါးဥစ္စာကို ဖြစ်ထွန်းစေခြင်းဟူသော ပဝတ္တိအကျိုးဖြင့် အသက်ရှည်စွာ နေနိုင်ရေးကို ထောက်ပံ့ ကူညီ အားပေးသည်။ မူရင်းကြည့်ပါ။