Dūtajātaka
dūtajātaka:ဒူတဇာတက(န)
[ဒူတ+ဇာတက]
ဒူတဇာတ်၊ (၁) ဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ဗာရာဏသီပြည် အလောင်းတော် ဘောဇနသုဒ္ဓိကမင်း ရာဇပလ္လင်ထက်၌ စားတော်ခေါ်မူစဉ် ဝင်ရောက်၍ တဏှာ၏ကျွန်,ဝမ်း၏ကျွန်ဖြစ်ပါသည်ဟု ပြောဆိုသူဖြစ်ခဲ့ဘူးသော လျှပ်ပေါ်သော ရဟန်းကို အကြောင်းပြု၍ ဟောအပ်သော ဇာတ်။ (၂) ဂင်္ဂါမြစ်ကမ်း၌ နေထိုင်သော ဘုရားလောင်းထံ အရှင်အာနန္ဒာလောင်း ဘုရင်က ၆-ကြိမ်တိုင် တမန်လွှတ်ရာ စကားတစ်စုံတရာ မပြောပဲ နေသဖြင့် မင်းကိုယ်တိုင် လာရောက်သည်တွင်မှ လောကဓံတရားမှ လွတ်သူမည်သည် မရှိကြောင်း စသည်ဖြင့် ဟောပြရာဇာတ်။