Dūteyyasutta
dūteyyasutta:ဒူတေယျသုတ္တ(န)
[ဒူတေယျ+သုတ္တ]
(၁) ဒူတေယျသုတ်၊ တမန်မှု အစေအပါးမှု ဆောင်ရွက်ခြင်းမှ ရှောင်ကြဉ်သော သတ္တဝါများနည်းပါး၏၊ ယင်းအမှုမှ မရှောင်ကြဉ်သူသာ များသည်ဟု ရဟန်းတို့အား ဟောပြရာသုတ်။ (၂) ဒူတေယျသုတ်၊ သတင်းစကားကောင်းကို နာယူတတ်,နာယူစေတတ်,ကောင်းစွာပြု၍ သင်ယူတတ်,နာယူစေတတ်,ဆောင်မှတ်စေတတ်,သိတတ်,သိစေတတ်,အကျိုးစီးပွါး ရှိ,မရှိ၌ လိမ္မာ,ငြင်းခုံမှု မပြုတတ်ခြင်းဟူသော အင်္ဂါ ၈-ပါးနှင့် ပြည့်စုံသူသည် တမန်ရဟန်း ပြုလုပ်ရန် ထိုက်၏။ အရှင်သာရိပုတ္တရာသည် ယင်း အင်္ဂါရှစ်ပါးနှင့် ပြည့်စုံ၏ဟု ရဟန်းတို့အား ဟောပြရာသုတ်။