Daṭṭhabbasutta
daṭṭhabbasutta:ဒဋ္ဌဗ္ဗသုတ္တ(န)
[ဒဋ္ဌဗ္ဗ+သုတ္တ]
ဒဋ္ဌဗ္ဗသုတ်။ (က) သုခဝေဒနာကို ဒုက္ခ,ဒုက္ခဝေဒနာကို သလ္လ,ဥပေက္ခာဝေဒနာကို အနိစ္စဟူ၍ အသီးအသီးရှုသော ယောဂီရဟန်းသည် ဝေဒနာတို့ကို ပိုင်းခြားကာ သိလျက်ပစ္စက္ခ 'မျက်မှောက်' ဘဝ၌ပင် အာဝဝေါကကင်းကွာ ရဟန္တာဖြစ်နိုင်၏ဟု ဟောပြရာသုတ်။ (ခ) သောတာပန်ပုဂ္ဂိုလ်၏ ဂုဏ်အင်္ဂါအကြောင်းတရား ၄ ပါးအရာတို့၌ သဒ္ဓိနြေ္ဒ သမ္မပ္ပဓာန် ၄ ပါး အရာတို့၌ ဝီရိယိနြေ္ဒ သတိပဋ္ဌာန် ၄ ပါး အရာတို့၌ သတိနြေ္ဒ ရူပဈာန် ၄ ပါး အရာတို့၌ သမာဓိနြေ္ဒ အရိယာသစ္စာ ၄ ပါးအရာတို့၌ ပညိနြေ္ဒ-ကို ရူမှတ်အပ်၏ဟု ဣနြေ္ဒ ၅ ပါး မိမိကိစ္စအရာတို့၌ အသီးအသီး အကြီးအကဲ ရှေ့သွား ဝန်ဆောင်ဖြစ်ပုံကို ဟောပြရာသုတ်။ မူရင်းကြည့်ပါ။