Dakkhiṇāvibhaṅgasutta
dakkhiṇāvibhaṅgasutta:ဒက္ခိဏာဝိဘင်္ဂသုတ္တ(န)
[ဒက္ခိဏာဝိဘင်္ဂ+သုတ္တ]
ဒက္ခိဏာဝဘင်္ဂ၊ ဒါနနှင့် ဒါန၏အကျိုးကို အကျယ်ဝေဖန်ဟောပြရာသုတ်၊ မိထွေးတော် ဂေါတမီသည် ကိုယ်တိုင်စီမံယက်လုပ်အပ်သော သင်္ကန်းလျာအစုံကို ဘုရားရှင်အား လှူလာသောအခါ သံဃာ့အပေါ်၌ တဆင့်တက်၍ စေတနာဖြစ်ပွါးစေလိုခြင်း,နောင်လာနောက်သားတို့၏ သံဃိကဒါန၌ စိတ်ညွတ်စေလိုခြင်း တို့ကြောင့် အလှူခံယူတော်မမူဘဲ သံဃာအား လှူရန် ၃ ကြိမ်တိုင်အောင် တိုက်တွန်းတော်မူ သည်။ ထိုအခါ မိထွေးတော်၏ ဘုရားရှင်အပေါ်၌ ကျေးဇူးများရှိခဲ့ခြင်း,ဘုရားရှင်၏လည်း မိထွေးတော်အပေါ်၌ ကျေးဇူးတုံ့ အမြောက်အမြားရှိခဲ့ခြင်းတို့ကို ထောက်ထား၍ အလှူခံတော် မူရန် အရှင်အာနန္ဒာက ကူညီလျှောက်ပြန်လေရ "ရှေးဦးစွာ ကျေးဇူးပြုသူအား ပစ္စယာနုဂ္ဂဟဖြင့် ကျေးဇူးဆပ်ရာ၌ ပြေလည်ကျေကုန်အောင် မတတ်နိုင်ကြောင်း" မိန့်တော်မူပြီးနောက် ဒါနနှင့် ဒါန၏အကျိုးကို အကျယ်ဝေဖန် ဟောပြတော်မူရာသုတ်။ မူရင်းကြည့်ပါ။