Dakkhiṇāvisuddhikathā
dakkhiṇāvisuddhikathā:ဒက္ခိဏာဝိသုဒ္ဓိကထာ(ထီ)
[ဒက္ခိဏာဝသုဒ္ဓိ+ကထာ]
ဒက္ခိဏာဝိသုဒ္ဓိကို ဟောပြရာ ဒေသနာ၊ "အလှူခံပုဂ္ဂိုလ်၏ သီလစသော ဂုဏ်ကြောင့်လည်း ဒါနစေတနာ၏ အကျိုးကြီးမားမှု ဖြစ်၏" ဟု ဆိုလျှင် "အလှူရှင်သည် လှူ၏။ အလှူခံပုဂ္ဂိုလ်သည် အလှူ၏အကျိုးကိုဖြစ်စေ၏" ဟူသော အဓိပ္ပါယ်ရောက်သောကြောင့် ပြုသူတခြား ခံစားသူတခြားဖြစ်၍ "ပရံ ကတံ သုခံ ဒုက္ခံ" ဟူသော ဥစ္ဆေဒအယူမှားသို့ သက်ရောက်နေ၏။ သို့ဖြစ်၍ အလှူရှင်၏ သီလစသော ဂုဏ်ကြောင့်သာ အကျိုးကြီး၏။ ကောင်းကျိုးပေး၏။ အလှူခံ(ဒက္ခိဏေယျ)နှင့် မသက်ဆိုင် ဟူသော ဝါဒသည် ဥတ္တရာပထဂိုဏ်းသား ရဟန်းတို့၏ အယူဝါဒဖြစ်၏။ ထိုအယူကို ဒက္ခိဏဝိဘင်္ဂသုတ်လာ ဒေသနာဖြင့် ပယ်ဖျက်လိုသောကြောင့် အရှင်မောဂ္ဂလိပုတ္တတိဿထေရ်ဟောပြအပ်သော ဒက္ခိဏဝိသုဒ္ဓိကထာဒေသနာ။ မူရင်းကြည့်ပါ။