Dakkhiṇeyyaggi
dakkhiṇeyyaggi:ဒက္ခိဏေယျဂ္ဂိ(ပု)
[ဒက္ခိဏေယျ+အဂ္ဂိ။ (ဒက္ခိဏာဂ္နိသံ)]
မြတ်သောအလှူခံပုဂ္ဂိုလ် ဟူသော မီး၊ မီးနှင့်တူသော မြတ်သောအလှူခံပုဂ္ဂိုလ်၊ (က) ပြစ်မှားသူတို့၏ အပါယ် ဆင်းရဲစေသော ပူပန်ဆင်းရဲမှု၏ အကြောင်းဖြစ်၍ မီးနှင့်တူသော မြတ်သောအလှူခံပုဂ္ဂိုလ် (ဘိက္ခုသံဃာ)။ (ခ) မကောင်းမှု အကုသိုလ်တို့ကို-ဖုတ်မြှိုက်-လောင်ကျွမ်းစေ-တတ်သည်ဖြစ်၍ မီးနှင့်တူသော မြတ်သော အလှူခံပုဂ္ဂိုလ် (ဘုရား)။ (ဂ) အလှူ၏ အစီးအပွါးလည်းဖြစ် မကောင်းမှု အကုသိုလ်ကိုလည်း- ဖုတ်မြိုက်-လောင်ကျွမ်းစေ-တတ်သည်ဖြစ်၍ မီးနှင့်တူသော မြတ်သော အလှူခံပုဂ္ဂိုလ် (အရှင်မဟာကဿပ စသည်)။ မူရင်းကြည့်ပါ။