Dantabhūmisutta
dantabhūmisutta:ဒန္တဘူမိသုတ္တ(န)
[ဒန္တဘူမိ+သုတ္တ]
ဒန္တဘူမိသုတ်၊ ဗိမ္ဗိသာရမင်း၏ သားတော် ဇယသေနမင်းသားသည် ကမ္မဋ္ဌာန်းကျောင်းနေ ကိုရင် အဝိရဝတအား သမာဓိနှင့် စပ်၍ တရားဟောရန် လျှောက်ထားသဖြင့် ဈာန်သမာပတ် ရနိုင်သည်ထိ ကသိဏကမ္မဋ္ဌာန်း စီးဖြန်းနည်းကို ဟောပြရာအခါ "ဤစီးဖြန်းနည်းသည် ဈာန်သမာပတ် ရစေသည့်နည်း မဟုတ်နိုင်" ဟု ငြင်းဆိုကာ ထပြန်သွားသည့်အတွက် ဘုရားရှင်က ကာမဂုဏ်အလယ်၌ နေသူများ ဤတရားမျိုးကို မသိမြင်နိုင်ကြောင်း ဆင်ယဉ်,ဆင်ရိုင်း အသွား မတူပုံ ဥပမာ,တောင်ခြေနှင့် တောင်ပေါ်နေသူ ၂- ဦးတို့၏ အမြင်ချင်း မတူကြပုံ ဥပမာတို့ဖြင့် ကိုရင်အား ဟောကြားတော်မူပြီးနောက် ရဟန်းပြုသည်မှစ၍ ရဟန္တာဖြစ်သည်တိုင်အောင် အဆင့်ဆင့် ကျင့်ကြံရပုံကို တောဆင်ရိုင်းကို ဖမ်း၍ မင်းသုံးတော်ဝင် ဆင်ရတနာဖြစ်လာအောင် အဆင့်ဆင့် လေ့ကျင့်ယူရပုံဖြင့် ဥပမာပြု၍ ရဟန္တာမဖြစ်ဘဲ သေရခြင်းသည် မယဉ်ကျေး (ရိုင်းစိုင်း) သော သေရခြင်းသာ ဖြစ်သည်ဟု ဆက်လက်ဟောပြရာသုတ်။