Dhammakathikasutta
dhammakathikasutta:ဓမ္မကထိကသုတ္တ(န)
[ဓမ္မကထိက+သုတ္တ]
(၁) ဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အညတရ ရဟန်းက ဓမ္မကထိကခေါ်ထိုက်သော ရဟန်းနှင့် စပ်၍ မေးလျှောက်လေရာ ဇရာမရဏ-စသည် ကင်းပျောက် ချုပ်ငြိမ်းအောင် ဟောပြနိုင်သော ရဟန်းသာ ဓမ္မကထိကသုတ်။ (၂) ခန္ဓာ ၅-ပါး ချုပ်ငြိမ်းအောင် ဟောပြနိုင်သော ရဟန်းသာ ဓမ္မကထိက မည်ကြောင်း ဟောပြရာသုတ်။ (၃) အကျိုးနှင့် မစပ်သော တရားစကားကို အနည်းငယ်မျှသာ ဟောသော ဓမ္မကထိကပုဂ္ဂိုလ်,အကျိုးနှင့်စပ်သော တရားစကားကို အနည်းငယ်မျှသာ ဟောသော ဓမ္မကထိကပုဂ္ဂိုလ်,အကျိုးနှင့်မစပ်သော တရားစကားကိုများစွာ ဟောသော ဓမ္မကထိက ပုဂ္ဂိုလ်,အကျိုးနှင့်စပ်သော တရားစကားကို များစွာဟောသော ဓမ္မကထိကပုဂ္ဂိုလ်-ဟူ၍ ဓမ္မကထိကပုဂ္ဂိုလ်-၄မျိုးကို ဟောပြရာသုတ်။