Duṭṭhadosasikkhāpada
					
					duṭṭhadosasikkhāpada:ဒုဋ္ဌဒေါသသိက္ခာပဒ(န)
  [ဒုဋ္ဌဒေါသ+သိက္ခာပဒ]
  ဒုဋ္ဌဒေါသသိက္ခာပုဒ်၊ (က) ဘုန်းကံနည်းသော မေတ္တိယဘူမဇက ရဟန်းတို့က ဆွမ်းညွှန်မှုကို အကြောင်းပြုကာ အရှင်ဒဗ္ဗအပေါ်၌ အငြိုးထားလျက် မေတ္တိယာရဟန်းမကို ပဌမပါရာဇိကဖြင့် စွပ်စွဲစေရာ ဘုရားရှင်က စစ်ဆေး မေးမြန်းတော်မူသောအခါ မဟုတ် မမှန် လုပ်ကြံ စွပ်စွဲသည်ကို သိတော်မူ၍ ကဲ့ရဲ့တော်မူလျက် ယင်း-စွပ်စွဲစေသော ရဟန်းဆိုးတို့ကို အကြောင်းပြုကာ ပညတ်အပ်သော ပဌမ ဒုဋ္ဌဒေါသသိက္ခာပုဒ်။ (ခ) ထိုရဟန်းဆိုးတို့သည်ပင် ပဌမသိက္ခာပုဒ်ဖြင့် ငြိစွန်းလောက်သော အခြားအကြောင်းအရာ ၁-ခုကို ဆင်တူရိုးမှား ပြုလုပ်၍ အရှင်ဒဗ္ဗအား အကြောင်းမဲ့ ပဌမပါရာဇိကဖြင့် စွပ်စွဲဖျက်ဆီးမှုကို အကြောင်းပြုကာ ပညတ်အပ်သော ဒုတိယ ဒုဋ္ဌဒေါသိက္ခာပုဒ်။