Dukkhadhammasutta
					
					dukkhadhammasutta:ဒုက္ခဓမ္မသုတ္တ(န)
  [ဒုက္ခဓမ္မ+သုတ္တ]
  ဒုက္ခဓမ္မသုတ်၊ (က) ရုပ်,နာမ်တို့၏ ဒုက္ခဖြစ်မှုသဘောကို ရှုသော အရိယာတပည့်သည် ယင်း-ရုပ်,နာမ်တို့၌ ငြီးငွေ့ စိတ်ပျက် တပ်မက်မှုကင်းကွာ ကိလေသာမှ လွတ်မြောက်၍ ရဟန္တာအဆင့်ရောက်နိုင်ပုံကို အရှင်ရာဓအား ဘုရားရှင်က ဟောပြရာသုတ်။ (ခ) ဒုက္ခဖြစ်ကြောင်း တရားအားလုံးတို့၏ ဖြစ်မှု,ချုပ်မှုကို ဟုတ်တိုင်းမှန်စွာ သိသော ရဟန်းသည် ဝတ္ထုကာမ,ကိလေသ ကာမတို့ကို သိမြင်နိုင်၏။ ယင်း-သို့ သိမြင်သူမှာ ထိုကာမတို့၌ လိုချင်မှု,ငြိကပ်မှု,မိန်းမောမှု,ပူပန်မှုတို့ မကိန်းတော့၍ သွားလာနေထိုင်မှုကို လျော်စွာသိနိုင်သည်။ ထိုသို့သိ၍ သွားလာနေထိုင်သူ၏ သန္တာန်၌ လိုချင်တပ်မက်မှု အဘိဇ္ဈာ,နှလုံးမသာယာမှု ဒေါမနဿ အကုသိုလ်တရားတို့ အချင်းခပ်သိမ်း မကိန်းတော့ပြီ-ဟု ရဟန်းတို့အား ဘုရားရှင်က အကျယ်ဟောပြရာသုတ်။