Dukkhasutta
					
					dukkhasutta:ဒုက္ခသုတ္တ(န)
  [ဒုက္ခ+သုတ္တ]
  ဒုက္ခသုတ်၊ (က) ဝဋ်ဒုက္ခ၏ ဖြစ်ကြောင်းတဏှာနှင့် ဝဋ်ဒုက္ခ၏ ချုပ်ရာနိဗ္ဗာန်ကို အကျယ်ဟောပြရာ သုတ်။ (ခ) ခန္ဓာ ၅-ပါးတို့၏ ဆင်းရဲမှု 'ဒုက္ခ'သဘောကို ရှုဆင်ခြင်သော အရိယာတပည့်သည် ယင်းခန္ဓာတို့၌ ငြီးငွေ့စိတ်ပျက် တပ်မက်မှု ကင်းကွာ၍ ကိလေသာတို့မှ လွတ်မြောက်ကာ ရဟန္တာအဆင့် ရောက်နိုင်ပုံကို ဟောပြရာသုတ်။ (ဂ) ယုံကြည်မှု 'သဒ္ဓါ'မရှိခြင်း,ရှက်မှု-ကြောက်မှု အလျှင်းမရှိခြင်း,ပျင်းရိခြင်း,ပညာမဲ့ခြင်း၊ ယင်း တရား ၅-ပါးနှင့် ပြည့်စုံသော သူသည် ယခု ပစ္စက္ခဘဝ၌ပင် ဆင်းရဲငြိုငြင် ပင်ပန်းစွာ နေရလျက် သေသည်၏ အခြားမဲ့၌ အပါယ်ဒုဂ္ဂတိသို့ လားရ၍ ယင်းတရား ၅-ပါးနှင့် ပြည့်စုံသော သူမှာ ချမ်းသာစွာ နေရ၍ သေသည်၏ အခြားမဲ့၌ နတ်ရွာသုဂတိသို့ လားရ၏-ဟု ဟောပြရာ သုတ်။ (ဃ) (၁) ကာမဝိတက်,(၂) ဗျာပါဒဝိတက်,(၃) ဝိဟိံသာဝိတက်,(၄) ကာမသညာ,(၅) ဗျာပါဒသညာ,(၆) ဝိဟိံသာသညာ-တရားတို့နှင့် ပြည့်စုံသော သူ၏ ပစ္စုပ္ပန်ဘဝ၌ ဆင်းရဲငြိုငြင် ပင်ပန်းစွာ နေရလျက် သေသောအခါ အပါယ်ဒုဂ္ဂတိသို့ လားရပုံနှင့် (၁) နေက္ခမ္မဝိတက်,(၂) အဗျာပါဒဝိတက်,(၃) အဝိဟိံသာဝိတက်,(၄) နေက္ခမ္မသညာ,(၅) အဗျာပါဒသညာ,(၆) အဝိဟိံသာသညာ-တရားတို့နှင့် ပြည့်စုံသော သူ၏ ပစ္စုပ္ပန်ဘဝ၌ ချမ်းသာစွာ နေရ၍ သေသောအခါ နတ်ရွာသုဂတိသို့ လားရပုံအကြောင်းကို အကျယ်ဟောပြရာ သုတ်။ (င) တေဘူမကသင်္ခါရ တစ်စုံတစ်ခုကို သုခအားဖြင့် ရှုဆင်ခြင်သော သူသည် အနုလောမိကခန္တီဉာဏ်နှင့် ပြည့်စုံမှု မရှိနိုင်ခြင်း,ယင်း ဉာဏ်နှင့် မပြည့်စုံခဲ့သော် သမ္မတ္တနိယာမသို့ မသက်ရောက်နိုင်ခြင်း,ယင်း-သို့ မသက်ရောက်နိုင်ခဲ့လျှင် ဖိုလ် ၄-ပါးကို မျက်မှောက် မပြုနိုင်မူ၍ သင်္ခါရအားလုံးကို ဒုက္ခအားဖြင့် ရှုဆင်ခြင်သော သူသည်သာ ယင်းတရား ၆-ပါးနှင့် ပြည့်စုံနိုင်၏-ဟု ရဟန်းတို့အား ဟောပြရာသုတ်။