Idaṃ
idaṃ:idaṃ(ti)
ဣဒံ(တိ)
[သဗ္ဗနာမ်ပုဒ် ၂၇-ပုဒ်တို့တွင် "ဣမ"သဗ္ဗနာမ်ပုဒ်မဟုတ်ပဲ ဣဒ(ဣဒံ) သဗ္ဗနာမ်ပုဒ်ဖြစ်၍ ထို ဣဒမှ ဣမဟု ပြောင်းလဲလာကြောင်း သဒ္ဒနီတိ၌ ဆို၏။ နီတိ၊သုတ္တ။၃ဝ၅၊၃ဝ၇ ကြည့်။ ကစ္စာယနေ တု "ဣမဿိဒမံသိသု နပုံသကေ"တိ ဣမသဒ္ဒေါယေဝ ပကတိဘာဝေန ဝုတ္တော၊ ဣဓ ပန ဣဒံ (ဣဒ¿) သဒ္ဒေါယေဝ၊ "ဣဒပ္ပစ္စယတာ"တိ ဧတ္ထ "ဣဒ"န္တိ ပကတိယာ ဒဿနတော။ နီတိ၊ပဒ။၃၆၇။ ထိုသဒ္ဒနီတိ၌လည်း ယခုစာမူများ၌ "ဣဒံသဒ္ဒေါ,ဣဒံသဒ္ဒဿ" စသည်ဖြင့် ဝိဘတ်မသက်ရသေးသော ပကတိပုဒ်ရင်း၌ နိဂ္ဂဟီတန္တဖြင့် "ဣဒံ" ဟု ချည်း တွေ့ရ၏၊ ၎င်းနိသျစာမူများ၌ကား သရန္တဖြင့် "ဣဒသဒ္ဒေါ" စသည်ဖြင့် တွေ့ရပြန်၏၊ ထိုသို့ စာမူများကွဲလွဲနေသော်လည်း နီတိ၊သုတ္တ။၆၉၃-၌ ၎င်းပုဒ်ကို သရန္တ၌,သွင်းထားသောကြောင့် နီတိအလို "ဣဒ"ဟု သရန္တဖြင့် ပကတိပုဒ်ရင်း ဖြစ်သင့်၏။ ရူပသိဒ္ဓိ၌ကား "ပကတိ စဿ သရန္တဿ" သုတ်ဝယ် စသဒ္ဒါဖြင့် "ကိံ"ကဲ့သို့သော ဗျဉ္ဇနန္တ၌ ထည့်သွင်းထားသောကြောင့် ရူပသိဒ္ဓိအလို "ဣဒံ"ဟု ဗျဉ္ဇနန္တဖြင့် ပကတိပုဒ်ရင်းဖြစ်သင့်၏၊ သုတ္တနိဒ္ဒေသ၌လည်း ပကတိ စဿသရန္တဿသုတ်၌ "ဣဒပ္ပစ္စယတာတိ ဧတံ ရူပသိဒ္ဓိ အာဒီသု ဣဒံသဒ္ဒေါ နိဂ္ဂဟီတန္တောတိ ဂဟေတွာ ဗျဉ္ဇနန္တဿ ပကတိဘာဝေနဂဟိတံ၊ သဒ္ဒနီတိ အာဒီသု ပနဣဒသဒ္ဒေါ သရန္တောတိဂဟေတွာ သရန္တဿ ပကတိဘာဝေနဂဟိတံ"ဟု ဆို၏]