Iriyāpathasamasīsī
iriyāpathasamasīsī:ဣရိယာပထသမသီသီ(တိ)
[ဣရိယာပထ+သမ+သီသ+ဤ]
တရားအားထုတ်ခိုက် ဣရိယာပုထ်နှင့် ပျက်ရာ,ချုပ်ငြိမ်းရာ အချိန် ကာလတူညီမျှသော အဝိဇ္ဇာဟူသော ဦးခေါင်းရှိသော ရဟန္တာပုဂ္ဂိုလ်၊ တရားအားထုတ်ခိုက် ဣရိယာပုထ် အနေအထားပျက်သည်နှင့် တပြိုင်နက် အဝိဇ္ဇာကုန်ခန်း၍ ရဟန္တာအဖြစ်သို့ ရောက်သော ပုဂ္ဂိုလ်။ (က) ဣရိယာပုထ်လေးပါးတို့တွင် တစ်ပါးပါးဖြင့် အဓိဋ္ဌာန်၍ ငါသည် ဣရိယာပုထ်ကို မပျက်စေပဲ အရဟတ္တဖိုလ်သို့ရောက်အောင် အားထုတ်အံ့ဟု ဝိပဿနာကို အားထုတ်ရာ အရဟတ္တဖိုလ်သို့ ရောက်ခြင်းသည်လည်းကောင်း နေမြဲဣရိယာပုထ်ကို ဖျက်ခြင်းသည်လည်းကောင်း တပြိုင်နက်ဖြစ်၏။ ထိုပုဂ္ဂိုလ်ကို ဣရိယာပထသမသီသီ ပုဂ္ဂိုလ်ဟု ခေါ်သည်။ (ခ) ဣရိယာပုထ်လေးမျိုးတို့တွင် တမျိုးမျိုးဖြင့် ဝိပဿနာအားထုတ်ရာ ရဟန္တာဖြစ်ပြီး၍ ထိုဣရိယာပုထ်ဖြင့်ပင် ပရိနိဗ္ဗာန်ပြုသောပုဂ္ဂိုလ်ကို ဣရိယာပထသမသီသီဟုဆိုသည်။