Jāgarasutta
jāgarasutta:ဇာဂရသုတ္တ(န)
[ဇာဂရ+သုတ္တ]
ဇာဂရသုတ်၊ နိုးကြားသည်ရှိသော် အဘယ်မျှသော တရားတို့သည် အိပ်ပျော်သည် မည်ပါကုန်သနည်း၊ အိပ်ပျော်သည်ရှိသော် အဘယ်မျှသော တရားတို့သည် နိုးကြားသည် မည်ပါကုန်နသည်း၊ အဘယ်မျှသော တရားတို့ဖြင့် ကိလေသာမြူကို ဆွဲယူသုံးသပ်ပါသနည်း၊ အဘယ်မျှသောတရားတို့ဖြင့် စင်ကြယ်နိုင်ပါသနည်းဟု နတ်သားတစ်ယောက် လာရောက်လျှောက်ထားမှုကြောင့် နိုးကြားသည့်တရားတို့၌ နီဝရဏ ၅-မျိုးတို့သည် အိပ်ပျော်သည် မည်ကုန်၏၊ အိပ်ပျော်သည့်တရားတို့၌ ဣနြေ္ဒ ၅-မျိုးတို့သည် နိုးကြားသည် မည်ကုန်၏။ နီဝရဏ ၅-မျိုးတို့ဖြင့် ကိလေသာမြူကို ဆွဲယူသုံးသပ်၏၊ ဣနြေ္ဒ ၅-မျိုးတို့ဖြင့် စင်ကြယ်နိုင်၏ဟု ဘုရားရှင် ပြန်လည်ဖြေကြားတော်မူသောသုတ်။