Jāliyasutta
jāliyasutta:ဇာလိယသုတ္တ(န)
[ဇာလိယ+သုတ္တ]
ဇာလိယသုတ်၊ ဘုရားရှင်သည် ကောသမ္ဗီပြည်ဃောသိတာရုံကျောင်း၌ သီတင်းသုံးနေတော်မူစဉ် မုဏ္ဍိယပရိဗိုဇ်နှင့် ဇာလိယပရိဗိုဇ်တို့သည် ဘုရားရှင်၏ ထံတော်မှောက်သို့ ဝင်ရောက်၍ "အရှင်ဂေါတမ၊ 'ဇီဝ' ခေါ်သော အသက်သည်ပင် 'သရီရ'ခေါ်သော ခန္ဓာကိုယ် ဖြစ်ပါသလော၊ သို့မဟုတ် ဇီဝတခြား သရီရတခြား ဖြစ်ပါသလော"ဟု လျှောက်ထားမေးမြန်းကြလေသည်။ ထိုအခါ ဘုရားရှင်သည် 'ဇီဝနှင့် သရီရသည် အတူတူပင် ဟူ၍လည်းကောင်း,ဇီဝတခြား သရီရတခြားဟူ၍လည်းကောင်း ငါဘုရား မဟောကြားအပ်ပေ"ဟု မုဏ္ဍိယနှင့် ဇာလိယပရိဗိုဇ်တို့အား ဟောကြားအပ်သောသုတ်။