Jīvakasutta
jīvakasutta:ဇီဝကသုတ္တ(န)
[ဇီဝက+သုတ္တ]
ဇီဝကသုတ်။ (က) အခါတစ်ပါး မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဇီဝက၏သရက်ဥယျာဉ်၌ သီတင်းသုံးနေတော်မူစဉ် ဇီဝကသည် ဘုရားရှင်ထံတော်သို့ လာရောက်၍ "မြတ်စွာဘုရား၊ ရဟန်းဂေါတမအတွက် ရည်ရွယ်၍ သတ္တဝါကို သတ်ကြကုန်၏၊ ရည်ရွယ်၍ သတ်သော အသားကို ရဟန်းဂေါတမသည် သိလျက် ဘုဉ်းပေး သုံးဆောင်၏"ဟု အချို့သော တိတ္ထိတို့သည် ပြောဆိုကြပါကုန်၏။ (ခ) အခါတစ်ပါး မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဇီဝက၏ သရက်ဥယျာဉ်၌ သီတင်းသုံး နေတော်မူစဉ် ဇီဝက မေးမြန်းလျှောက်ထားသဖြင့် ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်သူသည် 'ဥပါသကာ' မည်၏၊ ငါးပါးသီလကို လုံခြုံစွာ စောင့်ထိန်းသူသည် 'သီလရှိသူ ဥပါသကာ'မည်၏။မူရင်းကြည့်ပါ။