Jarāmaraṇasutta
jarāmaraṇasutta:ဇရာမရဏသုတ္တ(န)
[ဇရာမရဏ+သုတ္တ]
ဇရာမရဏသုတ်။ (က) "အိုခြင်း သေခြင်းမှ လွတ်ကင်းသူ ရှိပါသလော"ဟူ၍ ကောသလမင်းကြီး လျှောက်ထားခြင်းကြောင့် "ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာကြသည့် မင်းမျိုး,ပုဏ္ဏားမျိုး,သူကြွယ်မျိုးပင် ဖြစ်စေကာမူ ပဋိသန္ဓေနေမှု ရှိနေသေးလျှင် အိုခြင်း သေခြင်းမှ မလွတ်ကင်းနိုင်၊ ကိလေသာကုန်ခန်းပြီးသည့် ရဟန္တာအရှင်မြတ်တို့၏ ခန္ဓာကိုယ်သော်မှလည်း သေကျေပျက်စီးခြင်းသဘောရှိသေး၏"ဟု ဟောပြရာသုတ်။ (ခ) အိုခြင်း သေခြင်းတရား,အိုခြင်း သေခြင်း၏ ဖြစ်ကြောင်းတရား,အိုခြင်း သေခြင်း၏ ချုပ်ငြိမ်းရာနိဗ္ဗာန်,အိုခြင်း သေခြင်း၏ ချုပ်ငြိမ်းရာနိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့်ကို မသိသူကို သမဏ,ဗြာဟ္မဏဟူ၍ မခေါ်ဆိုရ၊ သိသူကိုသာ သမဏ,ဗြာဟ္မဏဟူ၍ ခေါ်ဆိုရသည်ဟု ဟောပြသောသုတ်။