Jarāsutta
jarāsutta:ဇရာသုတ္တ(န)
[ဇရာ+သုတ္တ]
ဇရာသုတ်။ (က) မွေးသည် က စ အိုသည့် ကာလကျအောင်ဆင်တိုင်းတင့်၍ ကျင့်တိုင်းကောင်းသော တရားကား 'သီလ' အကျင့်တရား ဖြစ်သည်။ မိမိစိတ်အစဉ်ဝယ် အမြဲတည်ရှိလျှင် ကောင်းသောတရားကား မည်သူတစ်ဦးတစ်ယောက်မျှ မလှုပ်ရှားနိုင်အောင် မြဲခိုင်သည့် ယုံကြည်မှု 'သဒ္ဓါ' တရားဖြစ်သည်၊ လူတို့ ရနိုင်ခဲသော ရတနာကား 'ပညာ' ဖြစ်သည်၊ ခိုးသား,ဓားပြတို့ မခိုးယူ မလုယက်နိုင်သော အရာကား 'ကုသိုလ်စေတနာ' ဖြစ်သည်ဟု နတ်သားတစ်ယောက်၏ အမေးကို ဖြေကြားသောအားဖြင့် ဟောပြသောသုတ်။ (ခ) လူတို့၏ အသက်တမ်းသည် အလွန်တရာ တိုတောင်းလှ၏၊ အနှစ်တရာ၏ ဤမှာဘက်ကလလရေကြည်စသော အခိုက်အတန့်၌သော်လည်း သေဆုံးတတ်၏၊ အနှစ်တရာကိုကျော်လွန်၍ အသက်ရှင်စေကာမူ အိုမင်းရင့်ယော်သဖြင့်လည်း သေဆုံးတတ်သည် စသည်ဖြင့် ဟောပြသောသုတ်။