Kappaṭakura
kappaṭakura:ကပ္ပဋကုရ (ပု)
[ကပ္ပဋ+ကုရ]
ကပ္ပဋကုရထေရ်။ ကပ္ပဋ-ကြည့်။ (ထိုမထေရ်သည် ပုဆိုးပိုင်းဝတ်လျက် ခွက်လက်စွဲ၍ ထမင်းကို ရှာမှီးတတ်သောကြောင့် ကပ္ပဋကုရ အမည်တွင်ခဲ့သည်၊ မြက်ကို ရောင်းရသည်အထိ ဆင်းရဲသည်၊ တစ်နေ့သ၌ မြက်ရိတ်သွားရာ ရဟန္တာမထေရ်တစ်ပါး၏ တရားကို ကြားနာရ၍ ပုဆိုးပိုင်းကို တစ်နေရာထားပြီး ရဟန်းပြုသည်၊ ရဟန်းဘောင်၌ မမွေ့လျော်သော စိတ် ဖြစ်တိုင်း ပုဆိုးပိုင်းကို ကြည့်၍ သံဝေဂယူသည်၊ သံဝေဂမဖြစ်သောအခါ လူထွက်သည်၊ တစ်နေ့သ၌ တရားသဘင်ဝယ် ပရိသတ်အစွန်၌ ထိုင်လျက်အိပ်ငိုက်နေစဉ် ဘုရားရှင်က ကပ္ပဋကုရမထေရ်ကို ရည်၍ တရားဟောတော်မူသဖြင့် ဝိပဿနာကို ပွါးစေပြီးနောက် များမကြာမီ အရဟတ္တဖိုလ်သို့ ရောက်သည်)။