Kappiyākappiyapathavī
					
					kappiyākappiyapathavī:ကပ္ပိယာကပ္ပိယပထဝီ	(ထီ)
  [ကပ္ပိယာကပ္ပိယ+ပထဝီ]
  	အပ်,မအပ်သောမြေ။ (၁) မြေမှုန့်သန့်သန့်,မြေညက်သန့်သန့်ဖြစ်သော သုဒ္ဓပထဝီ။ (၂) မြေမှုန့်ဖြစ်စေ,မြေညက်ဖြစ်စေ ၂-ပုံ၊ ကျောက်ကျောက်စရစ်အိုးခြမ်းကျောက်ပြုတ်သဲတို့တွင် တစ်မျိုးမျိုးဖြစ်စေ ၁-ပုံ ရောစပ်နေသော မိဿကပထဝီ။ (၃) လေးလထက်အလွန် မိုးစိုထားသော မြေမှုန့်ပုံ,မြေညက်ပုံဟု ဆိုအပ်သော ပုဉ္ဇပထဝီ။ မီးမလောင်ဖူးသော ဤမြေသုံးမျိုးကို ဇာတပထဝီခေါ်သည်၊ ယင်းကို ရဟန်းတို့ တူး-ဆွ-ဖျက်ဆီး-ခြင်းငှါ မအပ်သောကြောင့် အကပ္ပိပထဝီ ဆိုသည်၊ မီးလောင်ပြီးသော မြေကိုလည်းကောင်း,တပုံထက်များသော ကျောက်စသည်ဖြင့် ရောစပ်နေသည့် မိဿကပထဝီမြေမျိုးကိုလည်းကောင်း အဇာတပထဝီခေါ်သည်၊ ယင်းကိုရဟန်းတို့ တူး-ဆွ-ဖျက်ဆီး-ခြင်းငှါအပ်သောကြောင့် ကပ္ပိယပထဝီဆိုသည်။