Kilota
kilota:ကိလောတ
ဘူ = အဒ္ဒဘာဝေ-စိုစွတ်ခြင်း၌။ ကိလောတတိ၊ ပကိလောတတိ၊ စိုစွတ်၏။
[ဤဓာတ်သည် သဒ္ဒနီတိ၌သာ လာ၏၊ လောကီ ကျမ်းတို့၌ မရှိ၊ သာသနာတော်ကျမ်း၌လည်း နာမ်ပုဒ်မထင်၊ ဤသို့ ဓာတွတ္ထ-၌ ဆိုထားသော်လည်း ဥဏှောဒကသ္မိံ ပကိလေဒယိတွာ။ ဇာ-၂၊ ၁၉ဝ။-ဟူသော ဆဋ္ဌမူပါဌ်သည် သဒ္ဒနီတိ ဆရာတို့ခေတ်က အောက်ချေမှတ်ချက် မူကွဲပြထား သည့်အတိုင်း ပကိလောတယိတွာ-ဟု ရှိနေဟန်တူပါသည်၊ ထို့ကြောင့် သက္ကတကျမ်းများမှာပင် မလာစေကာမူ ပါဠိဂတိအားလျော်စွာ ပလောတဓာတ်ကို ထည့်သွင်းထားသည်-ဟု ယူဆက ဖြစ်နိုင်ဖွယ်ရာရှိပါသည်။]