Lokasannivāsa
lokasannivāsa:လောကသန္နိဝါသ(ပု)
[လောက+သန္နိဝါသ]
(၁) သတ္တလောက၊ သတ္တဝါအပေါင်း၊ လူအပေါင်း၊ ပေါင်းစု-ပေါင်းဆုံ-၍ နေရာဖြစ်သော လောက၊ အတူတကွ-နေ-နေထိုင်-သင့်-ထိုက်-သော သတ္တဝါအပေါင်း၊ သတ္တလောက အပေါင်းအသင်း။ အကျိုးအကြောင်းတို့၏ ပေါင်းစည်း၍ တည်ရာဖြစ်သော သတ္တလောက။ (၂) သင်္ခါရလောက၊ တေဘူမကသင်္ခါရ၊ ခန္ဓာ ၅-ပါးရုပ်နာမ်တရား၊ သတ္တဝါတို့၏ (တဏှာဒိဋ္ဌိတို့၏အစွမ်းဖြင့်) အထူတကွနေထိုင်ရာဖြစ်သောလောက။ (၃) ဩကာသလောက၊ စကြဝဠာ၊ ကမ္ဘာ၊ လောဂဓာတ်၊ သတ္တဝါ (လူ)တို့ အတူတကွ-တည်-နေထိုင်-ရာအရပ်၊ လူတို့သည် နေအပ်သော လောကဓာတ်။ လူတို့နေရာ။ (၄) သတ္တဝါအပေါင်း။ (၅) သတ္တလောက၏ အတူတကွ-နေထိုင်-ပေါင်းဖော်-ကြောင်း-အကျင့်-စရိုက်။