Maggakicca
maggakicca:မဂ္ဂကိစ္စ(န)
[မဂ္ဂ+ကိစ္စ]
အရိယမဂ်၏အမှုကိစ္စ၊ မဂ်ကိစ္စ။ (ဆီမီးသည် မရှေးမနှောင်း တစ်ပြိုင်နက် မီးစားကိုလောင်ကျွမ်းခြင်း,အမိုက်တိုက်ကိုဖျောက်ခြင်း,ယ အလင်းကိုပြုခြင်း,ဆီကိုခန်းစေခြင်းကိစ္စ ၄-ပါး၊ တက်နေသည် မရှေးမနှောင်းတစ်ပြိုင်နက် အရာဝတ္ထုတို့ကိုပြခြင်း,အမိုက်တိုက်ကိုဖျောက်ခြင်း,အလင်းကိုပြုခြင်း,အအေးကို ဖျောက်ခြင်းကိစ္စ ၄-ပါး၊ လှေသင်္ဘောသည် မရှေးမနှောင်း တစ်ပြိုင်နက် ဆိပ်ကမ်းမှစွန့်ခွါခြင်း,ရေအယဉ်ကိုဖြတ်ခြင်း,ဝန်ကိုဆောင်ခြင်း,တစ်ဖက်ကမ်းသို့ ပို့ဆောင်ခြင်းကိစ္စ ၄-ပါးတို့ကို အသီးသီး ပြီးစေနိုင်ကြသကဲ့သို့ မဂ်ဉာဏ်သည် မရှေးမနှောင်းတစ်ပြိုင်နက် ဒုက္ခသစ္စာကိုပိုင်းခြား၍သိခြင်း,သမုဒယသစ္စာကိုပယ်ခြင်း,နိရောဓသစ္စကို မျက်မှောက်ပြုခြင်း,မဂ္ဂသစ္စာကို ပွါးစေခြင်းကိစ္စ ၄-ပါးကို ပြီးစေသည်။