Mattacatukka
mattacatukka:မတ္တစတုက္က(န)
[မတ္တ၃+စတုက္က]
မတ္တစတုက္က၊ သုရာမူးယစ်သော မိန်းမနှင့်စပ်လျဉ်း၍ ပါရာဇိကအာပတ်သင့်ပုံ လေးမျိုးအပေါင်းကို ပြရာစကားရပ်။ (ရန်သူများက သုရာမူးယစ်သော မိန်းမကို ရဟန်းကောင်းများထံ ခေါ်ဆောင်လာ၍ ဝစ္စမဂ်ဖြင့် ရဟန်း၏ အင်္ဂါဇာတ်ပေါ် ဖိ၍ထိုင်စေရာ၌ သွင်းဆဲ,ဝင်ဆဲ,တည်ဆဲ,နုတ်ဆဲ ခဏတို့၌ သာယာအံ့၊ ပါရာဇိကကျသည်။ သွင်းဆဲ၌ မသာယာသော်လည်း ဝင်ဆဲ,တည်ဆဲ,နုတ်ဆဲ ခဏတို့၌ သာယာအံ့၊ ပါရာဇိက ကျသည်။ သွင်းဆဲ,ဝင်ဆဲ ခဏတို့၌ မသာယာသော်လည်း တည်ဆဲ,နုတ်ဆဲ ခဏတို့၌ သာယာအံ့၊ ပါရာဇိကကျသည်။ သွင်းဆဲ,ဝင်ဆဲ,တည်ဆဲ ခဏတို့၌ မသာယာသော်လည်း နုတ်ဆဲခဏ၌ သာယာအံ့၊ ပါရာဇိကကျသည်။ ထိုလေးမျိုးအပေါင်းကို စတုက္ကဟု ခေါ်၏။ ပဿာဝမဂ်ဖြင့် အင်္ဂါဇာတ်ပေါ် ဖိ၍ထိုင်စေရာ၌ တို့အတူ လေးမျိုးစီရသောကြောင့် တီဏိ မတ္တစတုက္ကာနိ=သုရာမူးယစ်သော မိန်းမနှင့် စပ်လျဉ်း၍ လေးမျိုးပေါင်း သုံးလီဟု ဆိုလိုသည်။ ဝိ၊၁။၃၅-၇။ ဝိ၊ဋ္ဌ၊၁။၂၂၇)။