Nāsentisutta
					
					nāsentisutta:နာသေန္တိသုတ္တ(န)
  [နာသေန္တိ+သုတ္တ]
  နာသေန္တိသုတ်။ (၁) အဆင်းအားနှင့်သာ ပြည့်စုံ၍ သီလအားနှင့် မပြည့်စုံသော မိန်းမကို ဖျက်ဆီးနှင်ထုတ်ရမည်၊ အိမ်၌မနေစေရ,(၂) အဆင်းအား,စည်းစိမ်းအားနှင့်သာ ပြည့်စုံ၍ သီလအားနှင့် မပြည့်စုံသော မိန်းမကိုလည်း ဖျက်ဆီးနှင်ထုတ်ရမည်၊ အိမ်၌ မနေစေရ,(၃) အဆင်းအား,စည်းစိမ်အား,ဆွေမျိုးအားနှင့်သာ ပြည့်စုံ၍ သီလအားနှင့် မပြည့်စုံသော မိန်းမကိုလည်း ဖျက်ဆီးနှင်ထုတ်ရမည်၊ အိမ်၌မနေစေရ,(၄) အဆင်းအား,စည်းစိမ်အား ဆွေမျိုးအား,သားသမီးအားနှင့်သာ ပြည့်စုံ၍ သီလအားနှင့် မပြည့်စုံသော မိန်းမကိုလည်း ဖျက်ဆီးနှင်ထုတ်ရမည်၊ အိမ်၌မနေစေရ။