Nagaropamasutta
nagaropamasutta:နဂရောပမသုတ္တ(န)
[နဂရောပမ+သုတ္တ]
မြို့လျှင်-နှိုင်းခိုင်းဖွယ်ရာ-ဥပမာ-ရှိသော သုတ်၊ သဒ္ဓါ,ဟိရီ,ဩတ္တပ္ပ,ဗဟုဿုတ,ဝီရိယ,သတိ,ပညာဟူသော သူတော်ကောင်းတရား ၇-ပါးတို့ကို မြို့အခြံအရံဖြစ်သော တုရိုဏ်တိုင်,ကျုံး,မြို့ပတ်လမ်း,လက်နက်,ရဲမက်ဗိုလ်ပါ,တံခါးမှူး,မြို့တံတိုင်းဟူသော နဂရပရိက္ခာရ ၇-ပါးနှင့် အစဉ်အတိုင်း နှိုင်းယှဉ်၍မြို့၏ အခြံအရံ ၇-ပါးတို့ဖြင့် ကောင်းစွာလုံခြုံအောင် ခြံရံထားအပ်ပါက ၄-မျိုးသော အာဟာရကို အလိုရှိတိုင်း မငြိုငြင် မပင်ပန်း အလွယ်တကူ ရသကဲ့သို့ သူတော်ကောင်းတရား ၇-ပါးတို့နှင့် ပြည့်စုံပါက မျက်မှောက်ဘဝ ပစ္စက္ခ၌ပင် ဈာန်၎-ပါးရ၍ ချမ်းသာစွာ နေရကြောင်းကို အကျယ် ဟောပြအပ်သောသုတ်၊ နဂရောပမသုတ်။