Navakammikasutta
navakammikasutta:နဝကမ္မိကသုတ္တ(န)
[နဝကမ္မိက+သုတ္တ]
နဝကမ္မိကသုတ်၊ လောကီဗာဟိရအလုပ်ဖြင့် တော၌နေသော နဝကမ္မိကဘာရဒွါဇပုဏ္ဏားက ဘုရားရှင်အား အင်ကြင်းတောအုပ်၌ အဘယ်အမှုကိစ္စ ပြု၍နေဘိသနည်း၊ တောထဲမှာ တစ်ယောက်တည်း မွေ့လျော်မှုကို ရပါသလောဟု မေးလျှောက်ရာ ဘုရားရှင်က ပုဏ္ဏားငါ့မှာ တော၌ ပြုဖွယ်ကိစ္စ မရှိပါ၊ ငါ၏ကိလေသာတောနှင့် ကိလေသာငြောင့်ကား အကြွင်းမရှိ ပြတ်ပြီးသော အမြစ်ရှိခဲ့၏၊ ငါသည် တောထဲ၌ ကိလေသာဘော,ကိလေသာငြောင့် တံသင်း အလျှင်းမရှိပဲ မမွေ့လျော်မှုကို ပယ်၍ တစ်ပါးတည်း မွေ့လျော်ပေ၏ဟု ဟောကြားတော်မူလေရာ နဝကမ္မိက ဘာရဒွါဇ ပုဏ္ဏား သရဏဂုံ တည်၏။