Nibbidābahulasutta
nibbidābahulasutta:နိဗ္ဗိဒါဗဟုလသုတ္တ(န)
[နိဗ္ဗိဒါဗဟုလ+သုတ္တ]
နိဗ္ဗိဒါဗဟုလသုတ်၊ ယုံကြည့်မှု 'သဒ္ဓါ'ဖြင့် ရဟန်းပြုသော အမျိုးကောင်း သားအား ရုပ်,ဝေဒနာ,သညာ,သင်္ခါရ,ဝိညာဏ်-ဟူသော ခန္ဓာ ၅-ပါးတို့၌ ငြီးငွေ့ခြင်းများသည် ဖြစ်၍ နေရာ၏။ ခန္ဓည ၅-ပါးတို့၌ ငြီးငွေ့ခြင်းများသည် ဖြစ်၍ နေလျှင် ခန္ဓာ ၅-ပါးတို့ကို ပိုင်ပိုင်နိုင်နိုင် သိ၏။ ခန္ဓာ ၅-ပါးတို့ကို ပိုင်ပိုင်နိုင်နိုင် သိလျှင် ခန္ဓာ ၅-ပါးတို့မှ လွတ်၏။ ပဋိသန္ဓေ နေမှု,အိုမှု,သေမှု,စိုးရိမ်မှု,ငိုကြွေးမှု,ကိုယ်ဆင်းရဲမှု,စိတ်ဆင်းရဲမှု,ပြင်းစွာ ပင်ပန်းမှုတို့မှ လွတ်၏။ ဆင်းရဲအပေါင်းမှ လွတ်၏ဟု အကျယ်ဟောပြရာသုတ်။