Nikaṭṭhasutta
nikaṭṭhasutta:နိကဋ္ဌသုတ္တ (န)
[နိကဋ္ဌ+သုတ္တ]
နိကဋ္ဌသုတ်၊ (၁) အစွန်အဖျားကျသော တောကျောင်းတို့ကို မှီဝဲ၍ ယင်းကျောင်းတို့၌ ကာမဝိတက်,ဗျာပါဒဝိတက်,ဝိဟိံသာဝိတက်တို့ကို ကြံသောပုဂ္ဂိုလ်သည် နိကဋ္ဌကာယ အနိကဋ္ဌစိတ္တ=ကိုယ်သာကင်း၍ စိတ်မကင်းသော ပုဂ္ဂိုလ်မည်၏,(၂) အစွန်အဖျားကျသော တောကျောင်းတို့ကို မမှီဝဲပဲ ရွာနီးကျောင်း၌ နေက္ခမ္မဝိတက်,အဗျာပါဒဝိတက်,အဝိဟိံသာ ဝိတက်တို့ကို ကြံသော ပုဂ္ဂိုလ်သည် အနိကဋ္ဌကာယ နိကဋ္ဌစိတ္တ=ကိုယ်မကင်းသော်လည်း စိတ်ကင်းသော ပုဂ္ဂိုလ် မည်၏,(၃) အစွန်အဖျားကျသော တောကျောင်းတို့ကို မမှီဝဲပဲ ရွာနီးကျောင်း၌ ကာမဝိတက်,ဗျာပါဒဝိတက်,ဝိဟိံသာဝိတက်တို့ကို ကြံသော ပုဂ္ဂိုလ်သည် အနိကဋ္ဌကာယ အနိကဋ္ဌစိတ္တ=ကိုယ်လည်းမကင်း စိတ်လည်းမကင်းသော ပုဂ္ဂိုလ်မည်၏,(၄) အစွန်အဖျားကျသော တောကျောင်းကို မှီဝဲ၍ ယင်းကျောင်း၌ နေက္ခမ္မဝိတက်,အဗျာပါဒဝိတက်,အဝိဟိံ သာဝိတက် တို့ကို ကြံသောပုဂ္ဂိုလ်သည် နိကဋ္ဌကာယနိကဋ္ဌစိတ္တ=ကိုယ်လည်းကင်း စိတ်လည်း ကင်းသောပုဂ္ဂိုလ် မည်၏ဟု အကျယ်ဟောပြရာသုတ် အင်္ဂုတ္တရ နိကာယ။