Nimijātaka
nimijātaka:နိမိဇာတက(န)
[နိမိ+ဇာတက]
နိမိဇာတ်၊ အလောင်းတော် နိမိမင်း၏ ဖြစ်စဉ်ဖြစ်ရပ် အဋ္ဌုပ္ပတ်ကို ပြဆိုရာဇာတ်။ (မိထိလာနိုင်ငံတော် မဃဒေဝမင်းဆက်၏ နောက်တွင် နောက်ဆုံးမင်းဖြစ်၍ ဒါန,သီလတို့ လွန်စွာ မွေ့လျော်သည် တရားမင်းဖြစ်လေသည်၊ ယင်းသို့ ထူးမြတ်သော ဒါန,သီလဂုဏ်ကြောင့် သိကြားမင်း စေလွှတ်အပ်သော ဝေဇယန္တာရထားဖြင့် ငရဲပြည်,နတ်ပြည်တို့ကို ကြည့်ရှုလေ့လာခဲ့ပြီး ကိုယ်တွေ့ငရဲဒုက္ခနှင့် နတ်ပြည်သုခသမ္ပတ္တိကို ဟောပြောတင်ပြခဲ့သည်၊ နောက်တွင် ဆံပင်ဖြူတစ်ပင်ပေါက်သည်ကို တွေ့မြင်သဖြင့် သေမင်း၏ အလံတံခွန်ဟု သံဝေဂရ၍ ရဟန်းပြုခဲ့လေသည်)။