Nimittabyākaraṇīya
					
					nimittabyākaraṇīya:နိမိတ္တဗျာကရဏီယ(တိ)
  [နိမိတ္တ+ဗျာက+ရဏီယ]
  နိမိတ်ဖတ်ကြားခဲ့ဘူးသော၊ နိမိတ္တဗျာကရဏီယအမည်ရှိသော (ထေရ်)၊ယင်းမထေရ်သည် ရှေးတချိန်က ဟိမဝန္တာ တောင်အနီး တပည့် ၅-သောင်း ၄-ထောင်တို့ကို ဗေဒင်ပညာသင်ပေး၏၊ ဘုရားလောင်း (တိသာဘုရားလောင်း¿) တုသိတာမှ စုတေ၍ လူ့ပြည်ပဋိသန္ဓေနေစဉ် မြေငလျင်တုန်လှုပ်၏၊ ထိုအခါ လူတို့ချဉ်းကပ်လာကြ၍ အကျိုးအကြောင်းမေးရာ လောက၌ ဘုရားပွင့်လိမ့်မည်ဟု နိမိတ်စကားဖတ်ကြားပြီး လူတို့အား ၅-ပါး သီလဆောက်တည်စေ၏၊ ယင်း ကောင်းမှုကြောင့် ၉၂-ကမ္ဘာအပါယ်ဆင်းရဲ မလားမရောက်ရပဲ ဤဘုရားရှင် သာသနာတွင် ပဋိသမ္ဘိဒါပတ္တရဟန္တာ ဖြစ်လာလေသည်။ အပ၊ ၂။ ၄၅-ကြည့်ပါ။