Nimittasaññaka
					
					nimittasaññaka:နိမိတ္တသညက(တိ)
  [နိမိတ္တ+သညက]
  နိမိတ္တသညကအမည်ရှိသော၊ ဗုဒ္ဓါနုဿတိ နိမိတ်သညာကို ဖြစ်စေခဲ့ဘူးသော (ထေရ်)။ (ယင်းထေရ်၏ အလျောင်းလျာသည် ရသေ့ ရဟန်းပြု၍ စန္ဒဘာဂမြစ်၏ အနီး သင်္ခမ်းကျောင်း၌ နေသောအခါ တော၌ လှည့်လည် ကျက်စားသော ရွှေသမင်ကို မြင်လေ၏။ ထိုရွှေသမင်အပေါ်၌ စိတ်ကြည်မှု ဖြစ်ပေါ်လာပြီး "ပွင့်တော်မူပြီး,ပွင့်တော်မူဆဲ,ပွင့်တော်မူလတ္တံ့သော ဘုရားရှင်တို့သည် ဤရွှေသမင်အတူ တင့်တယ် (သပ္ပါယ်) တော်မူကြပါပေကုန်စွ" ဟု ဗုဒ္ဓါနုဿတိ သညာကို ဖြစ်စေခဲ့၏။ ထိုဗုဒ္ဓါနုဿတိ သညာ၏ အကျိုးဆက်ကြောင့် ၉၄-ကမ္ဘာတိုင်တိုင် အပါယ်မလားပဲ ဤဘဒ္ဒကမ္ဘာမှ ၂၇-ကမ္ဘာထက်၌ အရညသတ္ထအမည်ဖြင့် စကြာမင်း ဖြစ်၏။ ထို့နောက် ဤဂေါတမဘုရားရှင်၏ အထံတော်ဝယ် နိမိတ္တသညကထေရ် အဖြစ်ဖြင့် ပဋိသမ္ဘိဒါ ၄-ပါး,သမာပတ် ၈-ပါး,အဘိညာဉ် ၆-ပါးတို့ကို သိမြင်ရရှိပြီး ဗုဒ္ဓမြတ်စွာသာသနာကို ပြန့်ပွါးအောင် ပြုလုပ်ခဲ့လေသည်။