Nirodhakathā
nirodhakathā:နိရောဓကထာ(ထီ)
[နိရောဓ+ကထာ]
နိရောဓကထာ။ (၁) နိရောဓသမာပတ်နှင့် စပ်သော စကား။ နိရောဓသမာပတ် ဒေသနာ။ (၂) နိရောဓသစ္စာနှင့်စပ်သော စကား.။ (၃) ခန္ဓာ ၅-ပါးချုပ်ခြင်းနှင့် စပ်သော စကား။ ပဋိသန္ဓေကို ရှားဖွေကြောင်းဟု ရေတွက်ခြင်းသို့ ရောက်သော ဘဝင်စိတ်၏ ဘင်ခဏနှင့် တပြိုင်နက် ကိရိယာဟု ရေတွက်ခြင်းသို့ ရောက်သော ကုသိုလ် အကုသိုလ် နာမက္ခန္ဓာ ၄-ပါး၊ တိဇရုပ်ဟူသော ရူပက္ခန္ဓာ ၁-ပါးပေါင်း ကိရိယာခန္ဓာ ၅-ပါးတို့ မဖြစ်သော ဘဝင်စိတ်ချုပ်သော အစဉ်ဖြစ်၏ဟု အန္ဓက ဂိုဏ်းသား ရဟန်းတို့ အယူရှိကြကုန်၏။ ယင်းအယူကို အရှင်မဟာမောဂ္ဂလိပုတ္တတိဿထေရ် ပယ်ဖျက်တော်မူခဲ့လေသည်။